Contact us directly at 09794200107

Cozy Farm Resort!

Cozy Farm ကို 1989 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပီး လယ်ဧက စုစုပေါင်း 40 ဧက ယာမြေက ၈ ဧက ရှိပါတယ် နှစ်စဉ်နှစ်တိုင်း စပါး မြေပဲများကိုသမရိုးကျ စိုက်ပျိုးလျှက်ရှိရာမှ ယခုအခါတွင် လှည်းကူးမြို့နယ်စိုက်ပျိုးရေး DOA (Department Of Agriculture ) နှင့်အတူပညာရှင်များ၏ လမ်းညွှန်မှုနှင့်ပူးပေါင်းကာ ပုံမှန်စိုက်ပျိုးရာမှ GAP (Good agriculture practice) Certificate ရရှိပီးဖြစ်ပါတယ်။ GAP စနစ် ကိုစိတ်ဝင်စားသော စိုက်ပျိုးရေးဝါသနာ ရှင်များအတွက်လဲ အချင်းချင်းလေ့လာဆွေးနွေးနိုင်ပါတယ်။ Cozy farm တွင် FDA အသိအမှတ်ပြု ကိုယ်ပိုင် ကြိတ်ခွဲရောင်းချသော ဆီစက် ဆန်စက် လုပ်ငန်းများလဲရှိပါတယ်။ ထိုကြောင့် စပါး 🌾၊မြေပဲ 🥜စိုက်ပျိုးထုတ်လုပ်မှုကို စ၊လယ်၊ဆုံး supply chain တခုလုံးကိုလေ့လာ လိုပါက လေ့လာနိုင်မည့် farm tourism နေရာတခုပဲဖြစ်ပါတယ်။ Cozy Farm တွင် C.S အဆင့်စီးပွားဖြစ်မျိုးစပါးများကိုထုတ်လုပ်နေပါတယ် စပါးစိုက်ပျိုးရာမှာ လူအင်အားသုံးစိုက်ပျိုးမှု၊ကောက်စိုက်စက်ဖြင့်စိုက်ပျိုးမှုများကိုပါလေ့လာနိုင်မည်ဖြစ်ပါသဖြင့် knowledge share အနေနှင့်အတူ farm + tourism + new experience = fun ကိုခံစားရင်းလာရောက်လေ့လာနိုင်မည်ဖြစ်ပါတယ် ။